CATEGORIES
 
 စီးပွား / အောင်မြင်
 
 
 စိုက်ပျိုး / မွေးမြူရေး
 ပန်းချီ
 အတ္ထုပ္ပတ္တိ / လူပုဂ္ဂိုလ်
 
 
 ကိုယ်တွေ့
 
 
 ခရီးသွား
 
 
 ကလေး
 ပုံပြင်
 
 
 ကာတွန်း ရုပ်ပြ
 
 
 ဟာသ
 
 
 လူငယ်
 ကွန်ပျူတာ(အင်တာနက်)IT
 
 
 ဟင်းချက်နည်း
 
 
 ၀ါသနာ
 
 
 သမိုင်း
 
 
 စာပေ
 
 
 အနူပညာ
 သုတ
 နည်းပညာ
 
 
 ပင်ကိုယ်ရေး ၀တ္တု
 ဘာသာပြန် ၀တ္တု

 တက်လမ်း / အောင်မြင်ရေး

 
 
 ကဗျာ
 
 
 ဘာသာရေး
 
 
 ကျန်းမာရေး
 
 

 နိုင်ငံရေး

 အင်္ဂလိပ်စာ
 စာသင်သား
 အထွေထွေ
 အတွေးအခေါ်
 မိုးခွင်းကြယ်စာအုပ်
 
    BEST SELLER
 

ကွန်ပျူတာ အခြေခံ
နည်းပညာ အဆင့်
(၁) မှ (၆) ပေါင်းချုပ်
ပြေငြိမ်းချမ်း

ဝေလငါး ကဗျာ
  သုခမိန်လှိုင်

ပီမိုးနင်း စာပေါင်းချုပ်
(တတိယတွဲ)  
ပီမိုးနင်း

ပီမိုးနင်း စာပေါင်းချုပ်
(တတိယတွဲ)  
ပီမိုးနင်း

ဓမ္မ၀ီဇယ 
ကျော်နန္ဒအောင်
 
 
 
 
 


စာအုပ်ဈေးရောင်းပွဲကို ၂၀၁၇ သြဂုတ်လ ၁ရက်နေ့တွင် စတင်မည်

စိတ်ကူးချိုချို စာအုပ်တိုင်၏ ၁၈နှစ်ပြည့် အထိမ်းအမှတ် စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြားတောရလမ်း အဏ္ဏ၀ါဓမ္မာရုံတွင် သြဂုတ်လ ၁ရက်နေ့မှာ သြဂုတ်လ ၁၃ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
စာအုပ်ဝယ်ယူသူ ပရိသတ်များအတွက် ၀ယ်ယူသည့် တန်ဖိုးအလိုက် လက်ဆောင် ပစ္စည်းများကို ပေးအပ် သွားမည်ဖြစ်ပြီး ယခုနှစ်အတွက် ချည်ထည်လက်မှုပစ္စည်းများကို ပေးအပ်သွားရန် စီစဉ်ထားသည်။
 

အထူးအစီအစဉ်အဖြစ် ဈေးရောင်းပွဲတော်ကာလတွင် စာကြည့်တိုက်များအား ၃၀ရာခိုင်နှုန်း လျှော့ဈေးဖြင့် ရောင်းချရန် စီစဉ်ထားကာ ပုံမှန်ဝယ်ယူနေကျ စာကြည့်တိုက်များမဟုတ်ပါက စာကြည့်တိုက်ဆိုင်ရာ အထောက်အထား တစ်စုံတစ်ရာ ယူဆောင်လာပေးပါရန် မေတ္တာရပ်ခံပါသည်။

 

စိတ်ကူးချိုချို မှ (၁၈)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့်စာအုပ်များမှာ....

 



စာအုပ်မိတ်ဆက်ပွဲနှင့် စာအုပ်လှုဒါန်းပွဲကျင်းပ

စိတ်ကူးချိုချို စာအုပ်တိုက်၏ ၁၈နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဆရာကြီး ဒေါက်တာသန်းထွန်း၏ အထင်ရှားဆုံး လက်ရာဖြစ်သော The Royal Orders Of Burma ကို ပြန်လည်စိစစ် ရိုက်နှိပ်ပြီး ဖြစ်သဖြင့် စာနယ်ဇင်းနှင့် စာဖတ်ပရိသတ်များထံသို့ မိတ်ဆက်ခြင်းနှင့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာအုပ်လှူဒါန်းပွဲကို ရန်ကုန်မြို့ လမ်းမတော်သံဈေးရှိ Myanmar Book Plaza တွင် ဇူလိုင်လ ၁၄ရက်နေ့ နေ့လည် ၁၂နာရီက ပြုလုပ်ခဲ့သည်။

ဆရာကြီး ဒေါက်တာသန်းထွန်း၏ The Royal Orders Of Burma သည်
သမိုင်းသုတေသန နယ်ပယ်တွင် တန်ဖိုးကြီးမားသည့် စာအုပ်ဖြစ်သည်။ သမိုင်းဆိုင်ရာ အထောက်အထားများကို ၂၅နှစ်ကြာ စုဆောင်းခဲ့ကာ ၈နှစ်ကြာမျှ အချိန်ယူ ရေးသားပြုစုခဲ့သည့် စာအုပ်ဖြစ်သည်။ အဆိုပါစာအုပ်ကြောင့် ဆရာကြီးဒေါက်တာ သန်းထွန်းအား လန်ဒန်တက္ကသိုလ်က စာပေပါရဂူဘွဲ့ ထပ်မံပေးအပ်ခဲ့သည်။ စာအုပ်မှာ အတွဲ ၁၀တွဲ ရှိကာ စာမျက်နှာပေါင်း ၇၀၀၀နီးပါးရှိကာ မူရင်းအတိုင်း ပြန်လည်ထုတ်ဝေ ခြင်းဖြစ်သည်။

စာအုပ်လှူဒါန်းပွဲအစီအစဉ်မှာ စိတ်ကူးချိုချို၏ ဒုတိယအကြိမ်မြောက် လှူဒါန်းသည့် အစီအစဉ်ဖြစ်ပြီး ကချင် ပြည်နယ်အတွင်းရှိ ၀ိုင်းမော်၊ မြစ်ကြီးနား၊ တနိုင်း၊ ချီဖွေ၊ ဆော့လော် မြို့နယ်များနှင့် ချင်းပြည်နယ်ရှိ တီးတိန်၊ တွန်းဇံ မြို့နယ်များအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၄၀၀ကို တစ်ကျောင်းလျှင် တန်ဖိုးငွေကျပ် ၅သိန်းရှိ စာအုပ်များကို မြို့နယ်ပညာရေးမှူးများကတစ်ဆင့် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 



Yangon Book Plaza ဖွင့်လှစ်မည်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံး စာအုပ်ပလာဇာကို စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။
Yangon Book Plaza ကို ရန်ကုန်မြို့ လမ်းမတော်သံဈေး ၅လွှာတွင် ဖေဖေါ်ဝါရီလ ၂၆ရက်နေ့မှစတင်ကာဖွင့်လှစ်သွားမည်ဖြစ်သည်။
အဆိုပါ ပလာဇာတွင် စာအုပ်ကော်နာပေါင်း ၃၀ ပါဝင်မည်ဖြစ်ပြီး စာအုပ်မိတ်ဆက်ပွဲများ ရေးသူဖတ်သူတွေ့ဆုံပွဲများ ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်းသိရသည်။ ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၂၆ရက် နေ့လယ် ၁နာရီ မှ ၃နာရီ အထိပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 


၁၅နှစ်ပြည့် စိတ်ကူးချိုချိုစာအုပ်တိုက် ဈေးရောင်းပွဲတော်

စိတ်ကူးချိုချိုစာအုပ်တိုက်ရဲ့ စတင်တည်ထောင်ပြီး ၁၅ နှစ်ပြည့် အမှတ်တရ စာအုပ်ဈေးရောင်းပွဲကို ပြီးခဲ့တဲ့ ၁၄ နှစ်ပြည့်မှာ ကျင်းပခဲ့တဲ့ အဏ္ဏ၀ါဓမ္မာရုံ၊ ကြားတောရလမ်း၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှာပဲ ပြုလုပ်ဖို့ သေချာသလောက် ရှိနေပါပြီ။ ကျင်းပမယ့်ရက်က ၂၀၁၄၊ သြဂုတ်လ ၁ ရက်ကနေ သြဂုတ် လ ၁၀ ရက်အထိပါ။ ခါတိုင်းလိုပဲ စာပေမိတ်ဆွေများကို ဖိတ်ကြားစာပို့လိုက်မှာ ဖြစ်ပါတယ်။

 



နှစ်ပတ်လည် အထူးထုတ်စာအုပ်များ

စိတ်ကူးချိုချိုရဲ့ ၁၅ နှစ်ပြည့်အမှတ်တရအဖြစ် အထူးစီစဉ်ထားတဲ့ စာအုပ်များဟာ ဒီနှစ်မှာ ရသစာပေကို အလေးကဲ စီစဉ်ထားပြီး မြန်မာစာပေနဲ့ ပတ်သက်တဲ့ စဉ်းစားဆင်ခြင်စရာ ဆောင်းပါးများ စုစည်းထားတဲ့ စာအုပ်အတွဲတွေလည်း ထွက်ရှိလာမှာ ဖြစ်ပါတယ်။
တိတိကျကျ သတင်းပေးနိုင်ပြီဖြစ်တဲ့ ဈေးရောင်းပွဲရက်မှာ ထွက်ရှိလာမယ့် စာအုပ်နှစ်အုပ်ကတော့ စစ်ကိုင်းဦးဘိုးသင်းရဲ့ သူ့အတွေး သူ့အမြင် (၁၀) တွဲ ပေါင်းချုပ်စာအုပ်နဲ့ ဆရာမြသန်းတင့်ရဲ့ လူများ သက္ကရာဇ်များဘ၀ ပေါင်းချုပ် စာအုပ်တို့ပဲ ဖြစ်ပါတယ်။

 



အထူးတန်တဲ့ စိတ်ကူးချိုချိုရဲ့ Gift Voucher

မန္တလေးဆိုင်ခွဲမှာ စတင်စမ်းသပ်ရောင်းချနေတဲ့ စိတ်ကူးချိုချိုရဲ့Gift Voucher အစီအစဉ်ဟာ လက်ဆောင်ပေးဖို့ ၀ယ်ယူသူက ၁၀% သက်သာပြီး အဲဒီကတ်နဲ့ စာအုပ်ဝယ်ယူသူများက ၁၀% ထပ်မံ သက်သာပြီး ၀ယ်ယူနိုင်မယ့် အစီအစဉ်ပါ။ မင်္ဂလာလက်ဆောင်၊ မွေးနေ့လက်ဆောင်နဲ့ ခင်မင်သူချင်း အမှတ်တရ ပေးနိုင်တဲ့ လက်ဆောင်တစ်မျိုးပါ။ ဒီအစီအစဉ်ကို ၁၅ နှစ်ပြည့် ဈေးရောင်းပွဲ၊ ရန်ကုန်မှာ မိတ်ဆက်ပြီး နောက်ပိုင်းရက်တွေမှာ လမ်း ၄၀ နဲ့ လှည်းတန်းစိတ်ကူးချိုချို စာအုပ်ဆိုင်တွေမှာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက ဒီကတ်ဟာ စိတ်ကူးချိုချို စာအုပ်တွေသာ ၀ယ်ယူလို့ရမှာဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးက စိတ်ကူးချိုချိုဆိုင်များမှာသာ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

 


   
   
 

© 2014 by Seikkuchocho.

Developed by NEW TECH

Our Statistic:
 
LIKE US ON FACEBOOK
 Connecting to facebook !
 
 
CONTACT US
Address : No.(67), 164th Street, Tamwe Township, Yangon, Myanmar.
Tel : (+95) 01 542 973 , 01 700302    Fax : (+95) 01 542 973
H.P : (+95) 09 5105095
Email : seikkuchocho.order@gmail.com  
Website : http://www.skccmyanmarbook.com